Tarot Magic

၂၀၁၇ ၊ ဇူလိုင်လ တစ်လအတွက်တာ ကံကြမ္မာ

တနင်္ဂနွေ

ကံကောင်းမည့်ကာလတစ်ခုဟု ဆိုနိုင်သည်။ ခရီးထွက်ရန် ပြင်ဆင်ထားပါက နီးလျှင် အကြောင်း တစ်ခုကြောင့် ပျက်တတ်သည်။ အိမ်တွင် လျှပ်စစ်အန္တရာယ် သတိပြုပါ။ ကျန်းမာရေးတွင် သွားနာသွားကိုက်သတိပြုရမည်။ ငွေကြေးအနေဖြင့် အသင့်အတင့်သာ ၀င်ငွေကောင်းနေဦးမည်။ ရပ်ဝေးမှ မိတ်ဆွေတစ်ဦး အိမ်လာလည်ပါက ထီကံစမ်းပါ။ ပညာရေးနှင့်ပတ်သက်၍ မင်္ဂလာသတင်းများ ကြားရတတ်သည်။  ၈၃၁ ဂဏန်းများဖြင့် ထီ ကံစမ်းနိုင်သည်။

 

တနင်္လာ

အလုပ်ကိစ္စဖြင့် စီစဉ်ထားသည့်ခရီးရှိပါက ရက်ပြောင်းသွားတတ်သည်။ ငွေကြေး၊ သို့မဟုတ် ပစ္စည်းအချို့ ပျောက်တတ်၍ အထူး ဂရုပြုပါ။ လုပ်ငန်းခွင်မှသူများ စကားပြောဆိုရာတွင် ဆင်ခြင်သင့်သည်။ ရင်းနှီးသူများနှင့် ပျက်နှာပျက်ရကိန်း ကြုံတတ်သည်။ အစားမှားပြီး ၀မ်းပျက်ဝမ်းလျှောဖြစ်တတ်သည်။ ပညာရေးကံ သင့်တင့်သည်။ ၉၀၂ ဂဏန်းများဖြင့် ထီ ကံစမ်းနိုင်သည်။

 

အင်္ဂါ

ကာလအတန်ကြာ စောင့်စားမျှော်လင့်နေသည့် အရာတစ်ခု အကောင်အထည်ပေါ်လာမည်။ လက်လွန်နေသည့် ငွေကြေးများ ပြန်လည်ရရှိမည့် အနေအထားတွင် ရှိသည်။ လုပ်ငန်းနေရာ ပြောင်းလဲမှုကြုံက စိတ်ဓာတ်ကျရန်မလိုပါ။ ခဏသာ ဖြစ်သည်။ ပညာရေးတွင် အထူး အားစိုက်ထုတ်ပါမှ တော်ကာကျမည်။ ခရီးယာယီ များနေဦးမည်။ နှာစီးချောင်းဆိုးဖြစ်ပါက ပေါ့ရန်မသင့်ပါ။ ၆၄၂ ဂဏန်းများဖြင့် ထီ ကံစမ်းနိုင်သည်။

 

ဗုဒ္ဓဟူး

တခြားတစ်နေရာသို့ ညအိပ်ညနေ သွားလာခြင်းမျိုး ရှောင်ပါ။ မမျှော်လင့်သောနေရာမှ ပိုက်ဆံဝင်မည်။ အိမ်တွင် အဆိပ်ရှိသတ္တ၀ါများ တွေ့ရတတ်သည်။ အိမ်ရှိ စက်ပစ္စည်းတစ်ခု ပျက်တတ်သည်။ နိုင်ငံရပ်ခြားသို့သွားရန် စီစဉ်ထားပါက နှောင့်နှေးနေဦးမည်။ ပညာရေး ကောင်းမွန်သည်။ မိမိ၌ ခါးနာဒူးနာ ဖြစ်တတ်သည်။ လူကြီးမိဘ ကျန်းမာရေးကိုလည်း အထူးသတိထားသင့်သည်။ ၀၅၁ ဂဏန်းများဖြင့် ထီ ကံစမ်းနိုင်သည်။

 

ကြာသပတေး

မိမိဆွေမျိုးသားချင်းထဲမှ မင်္ဂလာသတင်းကောင်းတစ်ခုကို ကြားရတတ်သည်။ ငွေကြေးအနေဖြင့် သင့်တင့်လျောက်ပတ်သော အနေအထားရှိမည်။ မြောက်အရပ်သို့ ခရီးထွက်ရတတ်သည်။ ကျန်းမာရေးအနေဖြင့် အဆုတ်ရောင်ခြင်းမျိုး ဖြစ်တတ်သည်။ ပညာရေးနှင့် ပတ်သက်၍ အထူးကောင်းမွန်နေသော ကာလတစ်ခုဖြစ်သည်။ ဖုန်းပျောက်တတ်သည်။ ၃၉၇ ဂဏန်းများဖြင့် ထီ ကံစမ်းနိုင်သည်။

 

သောကြာ

လူမှုဝန်းကျင်တွင် ပြောဆိုဆက်ဆံရခြင်းများ အဆင်မပြေ ဖြစ်တတ်သည်။ အရာရာ သတိထားပါ။ အမှိုက်ကစ ပြသာဒ်မီးလောင်ကိန်းမျိုး ကြုံရတတ်သည်။ ငွေကံကြေးကံ ကောင်းနေသော ကာလတစ်ခုဖြစ်သည်။ အဆစ်အမြစ်နာကျင်ပြီး ဆေးရုံဆေးခန်းရောက်တတ်သည်။ ပညာရေးဘက်တွင် အညံ့ရှိ၍ လုံ့လ၊ ၀ီရိယကို အဖော်ပြုမှရမည်။ ၆၇၄ ဂဏန်းများဖြင့် ထီ ကံ စမ်းနိုင်သည်။

 

စနေ

ပညာနှင့် အသက်မွေးမှု ပြုသူများ ကောင်းသတင်းများကြားရမည့် ကာလဖြစ်သည်။ အစားအသောက် ဆင်ခြင်ပါ။ အစားတစ်လုတ်ကြောင့် ဒုက္ခရောက်တတ်သည်။ ဝေးကွာနေသော ငယ်သူငယ်ချင်းများနှင့် မမျှော်လင့်ဘဲ ပြန်လည် ဆုံစည်းမည်။ ရပ်ဝေးမှ လူကြီးမိဘတို့၏ ကျန်းမာရေးနှင့် ပတ်သက်၍ သတင်းစကားကြားရမည်။ စီစဉ်ထားပြီးမှ အကြိမ်ကြိမ်ပျက်နေသောခရီးကို သွားခွင့်ကြုံမည်။ ၁၀၇ ဂဏန်းများဖြင့် ထီ ကံစမ်းနိုင်သည်။

 

ချမ်းမြေ့ကြပါစေ …။

 

Vote: 
No votes yet

Pages